PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.7.1
MYA1835 ဘုရားသခင်

ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
 
htonout , htarwarabhurarrsahkainsai naw eko tahpaan mein taw muu pyansai karr , i karl aamyoetwin sainsai ngarshae hpyaww int maatkyaunggko ngar simyinsai hpyit , saineat aain suu aain sarr aapaunggthoet nhaint takw , sainbhawhtellshoet wain kyalot .
After that, The Lord God spoke to Noah again. I have seen that you are righteous in my sight at this time. and all your household; Get into the ship.

Genesis 7
Genesis 7:1-24

The Great Flood

1 ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
 
htonout , htarwarabhurarrsahkainsai naw eko tahpaan mein taw muu pyansai karr , i karl aamyoetwin sainsai ngarshae hpyaww int maatkyaunggko ngar simyinsai hpyit , saineat aain suu aain sarr aapaunggthoet nhaint takw , sainbhawhtellshoet wain kyalot .
After that, The Lord God spoke to Noah again. I have seen that you are righteous in my sight at this time. and all your household; Get into the ship.
2 မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊
 
myay kyeepawmhar tirahcsaran aamyoe mapyetsaatnwal hcay hkyinn nghaar , hcain kyaalsaw sarr myoe , tamyoe tamyoetwin aahtee a m hkunait hcone hce , mahcain kyaalsaw sarr myoe , tamyoe tamyoetwinlaee aahtee m nhait hcone hce ,
so that the offspring of animals on the earth may not be destroyed. A pure son, Each nation has seven sets of men and women. An impure son. Each nation has two pairs of males and females.
3 မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။
 
mogh kaunggkain nghaat , t myoemyoetwinlaee aahtee a m hkunait hcone hce , aaseeseethoetko saimyuu ramai .
bird of the sky There are also seven sets of men and women. Each must be seized.
4 အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
 
aakyaunggmuukarr , yanaemhahc hkunaitraat hcae shin , a raat layysaalpaatlone myay kyeepawshoet mogh rwar hcay mai . ngar hpaansainnsaw sattawar aapaunggthoet ko , myay kyee myetnharpawmha ngar paal shinn maihu , htarwarabhurarr mhar htarr tawmuueat .
for At the end of seven days from today, He will rain alcohol on the earth for forty weeks. All the creatures I created I will wipe them off the face of the earth. The Lord commanded.
5 မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
 
mhar htarr taw muu sai aatinelaee nawe pyu layeat .
And Noah did as he commanded.
6 မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။
 
myaykyeeko ray lwhammoesawaahkar naw esai aasaat hkyawwat rar shi sataee .
Noah was six hundred years old when the flood came upon the earth.
7 ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍
 
ray lwhammoe hkyinn bhayy kyount , naw esai mimi sarr , mayarr , hkyawaym myarr nhaint takw , sainbhawhtellshoet wain
because of the flood Noah his son wife with his daughters-in-law Enter the ship.
8 ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊
 
bhurarrsahkain mhar htarr taw muu saeetaatine hcain kyaal saw sarr , mahcain kyaal saw sarr , nghaatmyarrnhaint myaypawmhar twarrtaatsaw tirahcsaranmyarr a htellk ,
A pure son, as God commanded. impure son Of the birds and of the creeping things of the earth;
9 အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။
 
aahtee a m aahcone thoetsai , naw e nhaintaatuu sainbhawhtellshoet wain kyaeat .
All men and women They entered the ark with Noah.
10 ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။
 
hkunaitraat hcae sawaahkar , lwhammoeaautsaw raysai myaypaw pawlar eat .
At the end of seven days The overflowing water appeared on the ground.
11 နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊
 
naw e aasaat hkyawwat rar hcae saw nhait , dutiy l , saal hkunait raatnaetwin , kyeehcwarsaw naat nellrar ray pout raytwinthoeteat a see a tarr shisamyahako paal shinn , mogh kaunggkain pyawan pamyarrko hpw int s hpyint ,
In the six hundredth year of Noah's life, second month On the seventeenth day He removed all the obstructions of the great deep wells; He opened the windows of heaven,
12 အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။
 
a raat layysaal paatlone myay kyeepawmhar mogh rwar layeat .
For forty days it rained on the earth.
13 ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။
 
htonae raattwin , naw enhain mimi mayarrmhahc shay m , har m , yar hpaattaeehuusaw naw e sarr soneyout , hkyawaym soneyoutthoetsai sainbhawhtellshoet wain kyaeat .
on that day Noah and his wife and Shem. Hama The three sons of Noah, Japheth, The three daughters-in-law entered the ship.
14 သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊
 
sarr rell myoe , sarr yain myoe , myaypawmhar twarrtaatsaw tirahcsaran myoe , pyaan taatsaw kyaatnghaat myoe ,
beast domesticated An animal that crawls on the ground A kind of flying bird
15 အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။
 
aasaatshinsaw tirahcsaran aamyoeaamyoe aapaunggthoet a htellk , aahtee a m aahcone thoetsai , naw enhaint aatuu sainbhawhtellshoet wainkya layeat .
Of all the living creatures, All men and women And they went into the ark with Noah.
16 ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
 
htoshoet naw eko bhurarrsahkain mhar htarr taw muu sai aatine wainsaw tirahcsaran thoetsai , hkautsaimsaw tirahcsaran thoet a htellk , aahtee aam hcone lyet wain kyaeat . htarwarabhurarrsailaee naw eko aahtellmhar patehtarr tawmuueat .
As God commanded Noah, the animals entered. Of all the animals, Both men and women entered. The Lord shut Noah up inside.
17 ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။
 
ray lwhammoehkyinnsai a raat layysaalpaatlone myay kyeepawmhar a hcainaatine toetaat sainbhawko myay mha hkwarlyet saung yuu layeat .
For forty days the flood progressed on the earth as usual, and took the ship away from the land.
18 တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။
 
tahpaan ray sai aarr kyee myay kyeepawmhar aalwan toetaat s hpyint , sainbhawsai ray myetnharpaw myaww lyet nay layeat .
And the waters were mighty, and increased exceedingly upon the earth. The ship floated on the surface of the water.
19 နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။
 
nout tahpaan raysai myay kyeepawmhar aalwan aarr kyee sahpyint mogh kaunggkain aout shisamyahasaw taungkyee aapaunggthoetsai myuut kyaeat .
And the waters were so strong on the earth that all the mountains under the sky were submerged.
20 ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
 
raymyuut saw taungthoet aahtaat lwhamtaatsaw raysai saal ngarr taung shi sataee .
There are fifteen mountains of water that overflow the submerged mountains.
21 မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
 
myaypawmhar lhuutsharrtaatsaw tirahcsaran myoetaeehuusaw nghaat , sarr yain , sarr rell , myaypawmhar twarrtaatsaw tirahcsaran aapaunggthoetnhaint luu aapaunggthoetsai say kya kone eat .
Birds are the only animals that move on land. children the beast All the animals that creep on the ground and all the people died.
22 အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။
 
aasaatshulyet konepawmhar shi lay samyahathoetsai say kya kone eat .
Everything that breathed on the land died.
23 မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။
 
myay myetnharpaw shisaw luu hpyithcay , sarrhpyithcay twarrtaatsaw a rar hpyithcay , mogh kaunggkainnghaat hpyithcay , aasaatshinsaw a rar shishisamyahathoetko myay kyeepawk paal shinn taw muu , pyethcee kwal pyawwat hkyinnshoet routkya kone eat . naw emha hc naw e nhaintaatuu sainbhaw htellshisaw suuthoet sar kyaan kyawin kya layeat .
whether the people on the earth or or creeping things, or birds of the sky He will destroy all living officials from the earth. They are destroyed. From Noah, only those who were with Noah in the ark remained.
24 ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။
 
raysailaee myay kyeepawmhar raatpaungg t rar ngarrsaalpaatlone aarr kyeehcwar tai layeat .
And the waters stood strong on the earth for a hundred and fifty days.
Genesis 7:1 အတွက် သရုပ်ဖော်ပုံGenesis 7:1 အတွက် သရုပ်ဖော်ပုံ

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။