PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.6.1

မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
 
myay kyee myetnhar pawmharluuthoetsai myarrpyarr sameemyarrkolaee r kya sawaahkar ,

Genesis 6
Genesis 6:1-7

Corruption on the Earth

1 မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
 
myay kyee myetnhar pawmharluuthoetsai myarrpyarr sameemyarrkolaee r kya sawaahkar ,
2 ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
 
bhurarrsahkaineat sarrthoetsai luu sameethoet lha kyaunggko myin , kohcate shisaiaatine hcone bhaat kyaeat .
3 ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
 
htarwarabhurarrkalaee ngar winyarinsai luuthoettwin a hcain m sone m r . aakyaunggmuukarr luuthoetsai a sarr hpyiteat . suueat aasaat taann sailaee , a nhait t rar nhaitsaal hpyithcayhu mein tawmuueat .
4 ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
 
hto karl , myay kyeepawmhar kokyeemarrsaw suu aahkyahoet shi kyaeat . htonout laee , bhurarrsahkaineat sarr thoetsai , luu samee thoetnhaint saatsan rasaw sarr thoetsai , aarr kyeesaw suu , shayy kar lamhahc , kyaw hcawsawsuu hpyitkyaeat .
5 မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
 
myay kyeepawmhar luu aapyit kyee , suueat hcatenhalone aakyaanaahcai shisamyahathoetsai a hcainmapyat soenyait hkyinn saatsaat shikyaungg ko , bhurarrsahkain simyin taw muu shin ,
6 မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
 
myay kyeepawmhar luuko hpaansainn taw muu saiko noutt r , nhalone taw puupaanlyet shi tawmuueat .
7 ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
 
htarwarabhurarr kalaee , ngar hpaansainnsaw luu ko ၎inn , luumhahc sarr myarr , twarrtaatsaw tirahcsaranmyarr , mogh kaunggkain nghaatmyarr thoetko၎inn myay kyeemyetnharmhar ngar sotesain paal shinn mai . suuthoetko hpaansainnsaw kyount ngar naungtarasaihu mein tawmuueat .

Noah’s Favor with God

8 နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
 
naw e muu karr , htarwarabhurarr hcatetawnhaint twae sawsuu hpyit sataee .
9 နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
 
naw e aathtuppatti huu muu karr , naw esai hpyaww int maat sawsuu , mimi aamyoe hcone lain saw suuhpyiteat . bhurarrsahkain nhaint aatuu swarrlar eat .
10 နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
 
naw esai shay m , har m , yar hpaattaeehuusaw sarrsoneyoutko myin layeat .
11 ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
 
htoaahkar myaykyeesai bhurarr s hk intshaemhar pote hcaut lyet shieat . myaykyeesai aadhamm a mhunhaint pyi hcone layeat .
12 ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
 
bhurarrsahkainsai myay kyeeko kyi shu saw hkar , pote hcaut lyetshisaiko myin tawmuueat . aakyaunggmuukarr myay kyeepawmhar luu aapaunggthoetsai hpout pyanhkyinnshoet routkya pye .

Preparing the Ark

13 ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။
 
htoaahkar bhurarrsahkainsai , naw eaarr mein taw muu sai karr , sattawar aapaunggthoeteat a sonesai ngar myetmhaouttwin pawlarpye . suuthoetkyount myaykyeesai aadhammamhu nhaint pyi hcone layeat . aakaalhcainhcait myay kyeenhaint takw suuthoetko ngar hpyetsee mai .
14 ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
 
gaw hp r saitsarrhpyint sainbhawko kobhhoet tai lote lot . a htelllaee aahkaannmyarrko lote lot . aatwin , pyin , paatlaiko htainn ruu hcayy nhaint sote lot .
15 လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။
 
lote ramaipone huu muu karr , sainbhaw aalyarr a taung sone rar , a nan a taung ngarrsaal , aamyint a taung sonesaal shi hcay ramai .
16 အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
 
aapaw sai a moe ko lote ramai . hto aamoe aapaw aalaal hkyet , htiut aote a nan t taungaakyaal shi hcay ramai . sainbhaw nan tabhaatlaee tanhkarrko lote ramai . aout saint , aalaal saint , aapaw saint huu , sone saintkolaee shi hcay ramai .
17 အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
 
aasaatshinsaw sattawar aapaunggthoet ko , kaunggkainaoutmha ngarkotine paal shin hkyinn nghaar , myaykyeeko ray lwhammoe hcay s hpyint , myaypawmhar shisamyahathoetsai say kya ramai .
18 သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။
 
sain muu karr , ngar pati nyarinko ngar tai hcay mai . sainsai sarr , mayarr , hkyawaym myarr nhaint takw , sainbhaw htellshoet wain ramai .
19 အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။
 
aasaatshinsaw tirahcsaran aamyoemyoe htellk , aahtee a m , aahcone thoetko yuu , sain nhaintaatuu aasaat hkyamsar hcay hkyinn nghaar , sainbhawhtellshoet swin ramai .
20 ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။
 
nghaat laee aamyoe aalite , sarrlaee aamyoe aalite , twarr taatsaw tirahcsaran a paungglaee aamyoe aalite , aahtee a m , aahconethoetsai aasaathkyamsar hcay hkyinn nghaar , sainthtanshoet lar kya lain mai .
21 ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
 
kohcarr hcarar a bhhoet , tirahcsaran thoet hcarrhcarar a bhhoet , hcarraautsaw a hcar aamyoemyoeko yuu so htarr ramaihu , bhurarrsahkain mhar htarr tawmuueat .
22 မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
 
mhar htarr taw muu sai aatinelaee nawe pyu layeat .

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။