PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.4.1
MYA1835

ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။
 
htonout , luuaardansai mayarr ew nhaint saatsan s hpyint , ewasai pati san dhay hcwal yuu , karinako bhwarrmyin shin , htarwarabhurarreat luuko ngar rapye huso layeat .
After that, The man Adam had intercourse with his wife Eve. Eve conceived; and she gave birth to Cain; He said, "I have found the Lord's man."

Genesis 4
Genesis 4:1-16
Genesis 4:1-26

Cain and Abel

Cain and Abel
1 ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။
 
htonout , luuaardansai mayarr ew nhaint saatsan s hpyint , ewasai pati san dhay hcwal yuu , karinako bhwarrmyin shin , htarwarabhurarreat luuko ngar rapye huso layeat .
After that, The man Adam had intercourse with his wife Eve. Eve conceived; and she gave birth to Cain; He said, "I have found the Lord's man."
2 တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။
 
tahpaan shunye aar bay layko bhwarr myin layeat . aar bay lakarr soehtein hpyiteat . karin karr laallote saw suuhpyiteat .
And she gave birth to his brother Abel. But Abel was a shepherd. Cain is a farmer.
The First Murder
3 အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။
 
aahkyane hcae sawaahkar , karinasai htarwarabhurarrhtan puujaw sakkar bhhoet , myay a seeko saunghkae eat .
When the time is up, Cain brought an offering to the Lord. He brought the fruit of the land.
4 အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။
 
aar bay lasailaee mimi soe hcutwin a u bhwarrsaw sarr aahkyahoet nhaint , soe se u ko saunghkae eat . htarwar bhurarrsai aar bay lanhaint suueat puujaw sakkarko pamarn pyu tawmuueat .
Abel also with some of the firstborn of his flock. He brought sheep fat. The Lord measured Abel and his offering.
5 ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။
 
karin nhaintsuueat puujaw sakkarko pamarn pyu taw m muu , htokyount karinasai aalwan hcatesoe myetnhar pyet layeat .
Cain and his offering did not count. Because of this, Cain became very angry and lost his face.
6 ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက် သနည်း။
 
htarwarabhurarrkalaee sainsai a bhaalkyount hcatesoe sanaee . a bhaalkyount myetnharpyet sanaee .
And the Lord said, Why are you angry? Why do you lose your face?
7 သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
 
sainsai kaunggmwanhcwar pyulote a hkwin m r law . kaunggmwanhcwar mapyu shin , aapyit hpyaysaw yaj kaung sai tanhkarrnarrmhar waut lyet shieat . suusai saineat a lo shoet lite , sainsai shuko aote hcoereathu karin ko mein tawmuueat .
Don't you have a chance to do well? If not done well, The sin offering was crouched by the door. He will follow your will. And he said unto Cain, Thou shalt rule over him.
8 ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီ အာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။
 
karinakalaee laalshoet swarrkya kone aanhu nye aar bay l ko hkaw , laal shoet routsawaahkar , nye aar bay l ko raan bhaatpyu saat layeat .
Cain said to his brother Abel, "Let's go to the field." When he came to the field, He turned against his brother Abel and killed him.
9 ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။
 
htarwarabhurarrkalaee saintnye aar bay lasai a bhaalmhar shi sanaeehu karinako mayy taw muushin a kyawanote masipar . aakyawanotesai nyeko hcaungrasaw suu hpyitpar s lawhu shout soeat .
And the Lord said to Cain, ``Where is your brother Abel, I do not know.'' Am I the one who has to wait for my brother?
10 ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။
 
bhurarrsahkain kalaee , sainsai aabhaalshoet pyupyee sanaee . sain nye aasway eata sansai myayhtellk ngarko aawhait lyetshisai t karr .
And God said, What have you done? The voice of your blood cries out to me from the ground.
11 သို့ဖြစ်၍သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်၊
 
shoethpyit saint nyeeat aaswayko hkanyuu hkyinn nghaar , mimi p hcaut ko hpw intsaw myaykyeeeat kyanehkyinnko sainsai hkanrasaw kyount ,
Therefore, to receive the blood of your brother. Because you are cursed by the earth that opens its mouth.
12 ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
 
yahkumhahc myay lotesawaahkar pakatiaatine aaseeaanhaanko m r r . myay kyeepawmha pyay r sawsuu , aarautraut lai rasawsuu hpyit r lainmaihu mein tawmuueat .
From now on, when you work on the ground, you will not get the natural fruit. He who fled from the earth He said that he will be a person who can be found everywhere.
13 ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။
 
karinakalaee a kyawanote aapyitsai m hpyaynineaaung kyee par s law .
Cain said, "Is my sin so great that I cannot answer it?"
14 အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။
 
aakyawanoteko myay kyeepyinmha yanae nhainhtote taw muu pye , myetnhar tawkolaee mamyinr . myay kyeepawmhar pyay r sawsuu , aarautraut lairasaw suu hpyitpar ramai . twaesamyahasaw suuthoetsai aakyawanoteko saat par lainmai hu htarwarabhurarrko shout soeat .
You have driven me out of the earth today. He did not see his face. He who runs on the ground, He must be everywhere. He said to the Lord, "All those who meet will kill me."
15 ထာဝရဘုရားကလည်း သို့ဖြစ်၍ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌ အမှတ်ပေးတော်မူ၏။
 
htarwarabhurarrkalaee shoethpyit karinako saat sawsuu maisai karr , hkunait s saw aapyitdanko hkanr lainmaihu mein taw muu pyeeshin , karin ko twaesawsuu tahconet youtmyaha m saat hcay hkyinn nghaar , htarwarabhurarrsai suu aamhaatpayy tawmuueat .
And the Lord said, Whoever kills Cain, After saying that he will be punished sevenfold, so that no one who saw Cain would kill him. The Lord gave him points.
16 ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည် အရှေ့၊ နောဒပြည်တွင် နေလေ၏။
 
karinasai htarwarabhurarr htan tawmha htwat swarr , edainpyi aashae , naw dapyitwin nay layeat .
Cain went away from the Lord; East of Eden He lived in the land of Nod.

The Descendants of Cain

17 ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကို ဘွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ၏။
 
htoaahkar karinasai mimi mayarrnhaint saatsan s hpyint , suusai pati san dhay hcwal yuu , sarr e noutko bhwarr myin layeat . karinasailaee myahoetko tai mimi sarreat aamai aalite , htomyahoetko e nout myahoethu s mote layeat .
Then Cain had intercourse with his wife. He conceived; And she gave birth to a son, Enoch. And Cain built a city according to the name of his son. And he called that city Enoch.
18 ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလ သားကား၊ လာမက်တည်း။
 
e nout sarr karr , i rad , i rad sarr karr , m hu yay l , m hu yay l sarr karr , m su sh l , m su shl sarr karr , lar maat taee .
But the son of Enoch Irad But the son of Irad Mahu Yael But the son of Mahuiel Methuselah Methuselah's son Come dream.
19 လာမက်သည်၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊
 
lar maat sai , aar d nhaint jil aamaishisaw meinmanhaityoutnhaint aainhtaung bhaat pyu ,
came to dream He married two women named Adah and Zillah.
20 အာဒသည် သားယာဗလကိုဘွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့၏ အဘဆရာ ဖြစ်လေသတည်း။
 
aar dasai sarr yar bal ko bhwarr myin layeat . hto sarr karr , tell naysaw suu , soe nwarrhcasaithoetko mwaysaw suuthoeteat a bhasarar hpyitlaysataee .
Adah gave birth to Jabal. But that son the one who lives in the tent He is the teacher of those who give birth to sheep and cattle.
21 ယုဗလအမည်ရှိသော ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။
 
yu bal aamaishisaw nye muu karr , hcaungg myoe , nhaell hk rar myoethoetko tee mhuat taatsawsuu aapaunggthoeteat a bh sarar hpyitlaysataee .
But the brother named Jubal Harp He is the father of all those who play the lute.
22 ဇိလသည်လည်း၊ သားတုဗလကာဣနကို ဘွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမား အ ပေါင်းတို့၏ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။
 
ji l sailaee , sarr tu bal karinako bhwarr myin layeat . suusai paann tain samarr , paann pellsamarr a paungg thoeteat sarar hpyit layeat . tu bal karin eat nham karr , nay m aamai shieat .
Zila also And she gave birth to a son, Balak Cain. He is a carpenter; He became the teacher of all blacksmiths. Tubalcain's sister The name of the sun.
23 လာမက်ကလည်း အာဒနှင့်ဇိလ၊ ငါပြောသံကို မှတ်ကြလော့။ လာမက်မားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ။
 
lar maatkalaee aar d nhaint ji l , ngar pyaww sanko mhaat kyalot . lar maat marr thoet , ngarhcakarrko narrhtaung kyalot . ngarko htihkitesaw luutayout taeehuusaw , ngarko nyhain sell saw luupyaotayoutko ngar saat hkaepye .
Lamech said to Adah and Zillah, Mark my voice. Lamas, Listen to me. The one person who hurt me I have killed a young man who persecuted me.
24 ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
 
karinasai hkunait s saw tararr ko rashin , aakaal lar maat sai , aas hkunhaitsaal hkunait sasaw tararrko r lainmaihu mimi mayarr thoetko pyaww soeat .
If Cain received the sevenfold law, If you dream, He told his wives that they would get seventy-seven times the law.

Seth and Enosh

25 အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကို ဘွားမြင်၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
 
aardansailaee mimi mayarrnhaint tahpaan saatsan pyan shin , mayarrsai sarrko bhwarr myin shay sahuusaw aamaihpyint mha eet layeat . aakyaunggmuukarr , karin saatsaw aar bay lakohcarr taparr saw a nwalko aakyawanote aabhhoet bhurarrsahkain hkaant htarr taw muu pyehu so sataee .
Adam also had relations with his wife again. His wife gave birth to a son and named him Seth. for He said, God has appointed another tribe for me in place of Abel, whom Cain killed.
26 ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသော အမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊
 
shay sasailaee sarr ko r e notehuusaw aamaihpyint mha eet layeat . hto karl htarwarabhurarreat narmatawko aamhaepyu koekwalhc pyukya layeat ,
Seth also had a son and named him Enos. At that time, they started worshiping the Lord's name.
Genesis 4:1 အတွက် သရုပ်ဖော်ပုံGenesis 4:1 အတွက် သရုပ်ဖော်ပုံ

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။