PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.3.1
MYA1835

မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။
 
myawaysai htarwar aashinbhurarrsahkain hpaansainntawmuusaw myay tirahcsaran s kar thoethtaat limmarsai hpyit , meinmaaarr sainthoetsai u yyaarin shisamyaha saw a painthoeteat a see ko mahcarrrahu ekaanhcainhcait bhurarr sahkain mein taw muu s lawhu mayy eat .
The snake is more cunning than the land animals created by the Lord God. He asked the woman, "Did God really say that you must not eat the fruit of every tree in the garden?"

Genesis 3
Genesis 3:1-7
Genesis 3:1-24

The Serpent’s Deception

The Fall of Man
1 မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။
 
myawaysai htarwar aashinbhurarrsahkain hpaansainntawmuusaw myay tirahcsaran s kar thoethtaat limmarsai hpyit , meinmaaarr sainthoetsai u yyaarin shisamyaha saw a painthoeteat a see ko mahcarrrahu ekaanhcainhcait bhurarr sahkain mein taw muu s lawhu mayy eat .
The snake is more cunning than the land animals created by the Lord God. He asked the woman, "Did God really say that you must not eat the fruit of every tree in the garden?"
2 မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။
 
meinm kalaee , ngarthoetsai u yyaarinshisaw a painthoeteat a see ko hcarrrasaw a hkwin shieat .
The woman said, We have the right to eat the fruit of the trees of the garden.
3 ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
 
u yyaarin aalaal shisaw a pain eata see ko karr , sainthoetsai m kine m hcarrpell nay kyalot , shoetmahote saymaihu bhurarrsahkain a mein tawshisaihu myaway aarr soeat .
But the fruit of the tree in the middle of the garden You don't touch and eat. Or he said to the snake that God had ordered him to die.
4 မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊
 
myawaykalaee sainthoetsai ekaanaamhaan say ramai mahote ,
The snake said, "You will not surely die."
5 အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။
 
aakyaunggmuukarr , hto a see ko hcarr sawnae sainthoetsai myethci pw int lainnlyet kaunggmakaunggko si , bhurarrsahkainkaeshoet hpyitkya l tan sai ko , bhurarrsahkain si taw muusaihu meinm aarr soeat .
for On the day you eat that fruit, your eyes will be open and you will know good and bad. They will be like God. He said to the woman that God knows.
6 ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။
 
hto a painsai hcarr bhwal kaungghkyinn , a sainn laee lha hkyinn , panyar toepwarr hcay losaw nghaar , nhaitsaat hpwalsaw a pain hpyithkyinnko meinmasai myinshin , a seeko yuu hcarr eat . mimi hkainpwann aarrlaee payy suusailaee hcarr eat .
That plant is good for food, beautiful, To increase knowledge When the woman saw that it was a pleasant plant, He took the fruit and ate it. And she gave it to her husband, and he also ate.
7 ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
 
hto suunhaityoutthoetsai myethci pw int lainn mimithoet aawaat a hkyaee hcaeeshisaiko si myinshin , mimithoet waat raanhphoet sainbhaw s hpaann pain a rwatthoetko hkyaote hcaut hkarr hcaee ko lote kyaeat .
When those two opened their eyes and saw that their clothes were empty, They sewed fig leaves together and made girdles for their clothing.

God Arraigns Adam and Eve

8 နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။
 
nay esaw aahkyanetwin , hto u yyaarin htarwar aashinbhurarrsahkain kyaw taw muu sawaasanko lu lainmayarrthoetsai kyarr shin , a htan tawmha lwat hkyinn nghaar , u yyaarin aapain thoettwin pone kwallyet nay kyaeat .
At the time of Esau, When the young couple heard the voice of the Lord God walking in that garden, to escape from his presence They hid themselves among the plants of the garden.
9 ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
 
htarwaraaashin bhurarrsahkain kalaee , sainsai a bhaalmhar shi sanaee hu , luu ko hkaw tawmuueat .
The Lord God said: Where are you? He called people.
10 လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
 
luukalaee u yyaarin kotaweat aasanko kyawantaw kyarr shin , aawaat a hkyaee hcaee shisaw kyount , kyawwat pone lyet nayparsaihu shout layeat .
And the man said, I heard his voice in the garden. because he had no clothes. He said that he was hiding because he was afraid.
11 ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။
 
bhurarrsahkain kalaee , sain aawaat a hkyaee hcaeeshisaiko sain aarr a bhaalsuu pyaww sanaee . mahcarrrahu ngar panyaatsaw a pain eata seeko hcarr pye lawhu mayy tawmuueat .
And God said, Who told you that you have empty clothes? He asked, "Have you eaten the fruit of the tree that I commanded you not to eat?"
12 လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
 
luukalaee kyawantaw aaut payy taw muusaw meinmasai hto a pain eata see kopayy kyawantaw hcarr miparsaihu shout layeat .
The man said, "The woman who gave it to me gave me the fruit of that tree, and I ate it."
13 ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
 
htarwar aashin bhurarrsahkain kalaee , sainsai a bhaalshoet pyupyee sanaeehu meinm aarr mayy taw muu shin , meinmak myawaysai kyawantaw mako lha eet hcarr , kyawantaw m sai hcarr mi parpyehu shout layeat .
The Lord God said, He asked the woman, "What have you done?" The woman said that the snake deceived me. He said, "I have eaten."

The Fate of the Serpent

14 ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
 
htarwar aashinbhurarrsahkainsai myaway ko hkaw sainsai iaamhuko pyusawkyount sarr yain sarrrell aapaunggthoethtaat kyanehkyinnko hkan reat . sainsai wamhpyint swarr myay mhu antko tasaatlone hcarr ramai .
The Lord God called the serpent, and because you did this, you were cursed above all domesticated beasts. You will go on your stomach and eat the dust of the earth all your life.
15 သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
 
sain nhaint meinmako ၎inn , saineat aamyoe a nwalnhaint meinmeat aamyoe a nwal ko ၎inn , ngarsai raan ngyaoe hpwal hcay mai . suusai saineathkaunggko kyaate lain mai , sainsai suueat hp naw intko kyaate lainmaihu mein tawmuueat .
and you and the woman and your offspring and the offspring of the woman. I will cause enmity. He will crush your head; He said that you will crush his heel.

The Punishment of Mankind

16 မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
 
meinm kolaee , sain kowaansaunghkyinn waydanarko ngar aalwan myarrpyarr hcay ramai . painpaannhcwar waydanarko hkan sarr bhwarr ramai . ko hkainpwanneat a lo shoetlite suueat aotehcoe hkyinnkolaee hkanramaihu mein tawmuueat .
And the woman I will greatly increase the pain of pregnancy in you. He must endure labor and pain and give birth. She said that she would follow her husband's will and be ruled by him.
17 ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။
 
youtyarr kolaee , hto a pain eata seeko mahcarrrahu ngar panyaat sawlaee , sainsai mayarreat hcakarrko narrhtaung hcarr mi saw kyount , myaysai saineataatwat kyanehkyinnko hkan lyet shieat . myay eata seeko tasaat paatlone painpaannhcwar hcarr ramai .
And to the man, I commanded you not to eat the fruit of that tree. Because you listened to your wife and ate. The ground is cursed for you. You shall eat the fruit of the land all the days of your life.
18 ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။
 
suu pain aamyoemyoethoetkolaee sain aahphoet myay pout hcay mai . laal hpyitsaw hainnseehainnrwatthoetko sain hcarr ramai .
I will cause all kinds of thorns to grow up for you. You shall eat the vegetables of the field.
19 သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
 
sain htwat rar myay shoet m pyan mhae tineaaung , saineat myetnhar mha hkyaway htwatlyet a hcar ko hcarr ramai . aakyaunggmuukarr , sainsai myay mhu anthpyit myay mhu antshoet pyanramaihu mein tawmuueat .
until you return to the land from which you came out. You shall eat with the sweat of your face. for He said that you are dust and to dust you will return.
20 ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
 
htoaahkar luusai mimi mayarrko ew aamaihpyint mha eet layeat . aakyaunggmuukarr , suusai aasaatshin saw suuaapaunggthoeteat a mi hpyit sataee .
Then the man named his wife Eve. for She is the mother of all the living.

The Expulsion from Paradise

21 ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
 
htarwaraaashin bhurarrsahkainsailaee luulain mayarrthoet sarr rayhpyint paat lone kolote waat hkyuan hcaytaw muu eat .
The Lord God also made the man and his wife a coat of leather and clothed them.
22 ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။
 
htarwar aashin bhurarrsahkain kalaee , luusai ngarthoettwin t parrparr kae shoethpyit , kaunggmakaungg si taat eat . yahkumhar suusai htarwaraaasaatko rahkyinn nghaar , laat ko s antlyet aasaat pain eata seeko yuu m hcarr sainthu mein tawmuueat .
The Lord God said, Man is like one of us. He knows good and bad. Now he is going to get eternal life. He stretched out his hand and said that he should not eat the fruit of the tree of life.
23 လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
 
luusai mimihtwatsaw myay lote ramai aakyaungg , htarwar aashinbhurarrsahkainsai edain u yyaarinhtellk lwhaat lite tawmuueat .
that a man must work in the land from which he came; The Lord God sent them out of the Garden of Eden.
24 ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
 
htoshoet luuko nhainhtote pyeeshin , aasaat pain lamko hcaung shout hcay hkyinn nghaar , mee hcain laatnaat nhainttakw hkay ru bainthoetko u yyaarin aashaebhaat htarr tawmuueat .
After expelling such a person, To guard the way of the tree of life. He placed the cherubim with the censer and the cherubim on the east side of the garden.
Genesis 3:1 အတွက် သရုပ်ဖော်ပုံ

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။