PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.2.1

ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
 
htoshoet kaunggkain myay kyee nhainttakw hkautsaimsaw taansarthoetsai pyeehcee lyetshi kyaeat .

Genesis 2
Genesis 2:1-3

The Seventh Day—God Rest

The Seventh Day—God Rest
1 ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
 
htoshoet kaunggkain myay kyee nhainttakw hkautsaimsaw taansarthoetsai pyeehcee lyetshi kyaeat .
2 သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
 
sattamanae raat routshin , bhurarrsahkainsai hpaansainn sawaamhuko laat hc saat taw muu hkaepyeesai hpyit , hpaansainn samyahasaw aamuuaararthoetsai pyeehcee pyeemha , hto sattamanae ngyaain waut hcwar nay tawmuueat .
3 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။
 
hto sattamanaeko bhurarrsahkainsai kaunggkyeepayy saant shinn hcay tawmuueat . aakyaunggmuukarr , hpaansainn pyupyin taw muusaw hto aamuuaarar aalonehconethoetsai pyeehcee sawkyount htonaeraat ngyaain waut hcwarnay tawmuueat .

Man and Woman in the Garden

The First Man - Adam
4 ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့၊ ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း။
 
i aakyaunggaarar karr , htarwar aashinbhurarrsahkainsai kaunggkain nhaint myaykyeeko hpaansainn tawmuu saw nae , hpaansainn rar karl kaunggkain nhaint myaykyeeeat muul aathtupatti pay taee .
5 မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သော လူလည်း မရှိသေးသည်ဖြစ်၍၊
 
myay laalyar pyoe painm pout mhae , laalyar hcaparr pain makyeepwarr mhae , a pain shisamyaha thoetko hpaansainn tawmuueat . htoaahkar htarwar aashinbhurarrsahkainsai myaypaw mogh ko rwar hcay taw m muu sayy . myay lotesaw luulaee m shisayysai hpyit ,
6 မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ၏။
 
myay mha a hkoe aangwae htwat sahpyint myay t pyin loneko hco hcay layeat .
7 ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
 
htonout , htarwar aashinbhurarrsahkainsai myay mhu anthpyint luuko hpaansainn , suueat nharhkaungghtellshoet ji waaasaatko mhuat taw muu shin , luusai aasaatshinsaw sattawar hpyit layeat .
God’s Garden - Tree of Life & Knowledge
8 ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
 
htarwaraaashin bhurarrsahkainsailaee aashae myetnhar , edain aaraut u yyaarinko hcitepyoe pyeeshin , hpaansainntawmuusaw luuko hto u yyaarin nayrar hkya tawmuueat .
9 ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။
 
hto myayhtellk a sainn lha , hcarr bhwalkaunggsaw a pain aamyoemyoeko htarwar aashinbhurarrsahkain pout hcay tawmuueat . hto u yyaarin aalaal aasaat pain laee shieat . kaunggmakaunggko si kyawm rar aapain laee shieat .
10 ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။
 
hto u yyaarinko hco hcay losawnghar myit t myitsai edain aaraut htellk hcee htwat s hpyint , u yyaarin pyinmhar layy hpyaar kwal myit m layy swal hpyit layeat .
11 ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ၏။
 
pahtam myitkarr hpi rone aamai shieat . hto myitsai shwayshisaw har wi l pyinarr t shout loneko hceeswarr layeat .
12 ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။
 
hto pyi mha hpyitsaw shwaysai kaungg lha eat .
13 ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ၏။
 
b dhay l sait hcayynhaint sh han kyawwat laee shieat . dutiy myitkarr gi hone aamai shieat . hto myinsai ku shpyi narr t shout loneko hcee swarrlayeat .
14 တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
 
tatiy myitkarr hi d kay l aamai shieat . hto myitsai aar shu ritine aashaeshoet hcee swarrlayeat . hcatutht myitkarr u hp raat aamai shieat .
15 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။
 
htoaahkar htarwar aashinbhurarrsahkainsai luu koyuu edain u yyaarinko pyuhcu hcaung shout hcay hkyinn nghaar htarr tawmuueat .
16 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
 
htarwar aashin bhurarrsahkain kalaee , kaunggmakaunggko si kyawm rar a pain mhataparr , hto u yyaarin shisamyahasaw a pain thoeteat a seeko sainsai hcarr rasaw a hkwin shieat .
17 ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။
 
hto a paineat a see kokarr mahcarrr . hcarr sawnaetwin ekaan aamhaan sayramaihu luuko p nyaat htarr tawmuueat .
The First Woman - Eve
18 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
 
htarwar aashin bhurarrsahkain kalaee , youtyarrsai tayouttaee m naykaungg , suu nhaint tawsaw aahtouta mako suu bhhoet ngar lote umaihu aakyaan shi tawmuueat .
19 ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
 
htarwar shinbhurarrsahkainsai myay tirahcsaran thoet nhaint , mogh kaunggkain nghaat aapaunggthoetko myay hpyinthpaansainn taw muu pyeeshin , luusai a bhaalshoet hkawwaw s mote maiko sihkyinn nghar , luushirarshoet saunghkae tawmuueat . luusai laee aasaatshinsaw sattawar aapaunggthoetko hkawwaw s mote saeet aatine , narmai a see a see shi kyaeat .
20 ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊
 
htoshoet luusai sarr yain aapaunggthoet ko ၎inn , moghkaunggkain nghaat aapaunggthoet ko ၎inn , moghkaungg kain nghaat aapaunggthoet ko ၎inn , sarr rell aapaunggthoet ko ၎inn , aamai payy mha eet layeat . shoetsawlaee luu nhainttaw saw aahtoutaam mapaw mashisayy ,
21 ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။
 
htoaahkar htarwar aashinbhurarrsahkainsai luuko kyeesaw aiut hkyinnhpyint aiut hcay taw muu , luusai aiutpyaw hcain , nanroe tahkyaunggko bhurarrsahkain htote pyeeshin , hto aaroe aahcarr a sarrko hcaehcaut hcay tawmuueat .
22 ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။
 
htarwar aashinbhurarrsahkainsai luu htellk htotesaw nanroehpyint luu meinmako hpaansainn luushirarshoet saunghkae tawmuueat .
23 လူကလည်း၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
 
luu kalaee , yahku i suu sai ngar aaroe htellk aaroe , ngaraasarrhtellk a sarr hpyiteat . luuhtellk htotesaw kyount shuko luu meinmahu hkawwaw aautsaihu so layeat .
24 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
 
hto aakyaunggkyount youtyarrsai komibhako hcw ant , ko hkainpwann mhae well s hpyint , htosuuthoetsai t sarr t kotaee hpyit r lain mai .
Naked - Not Ashamed
25 ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။
 
htosuu lainmayarr nhait uthoetsai aawaat m waatbhell nay , shat kyawwat hkyinn nhaint kainnlwat kyaeat .

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။