PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.13.1

အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
 
aar byaan samee maungnhaan thoetsai laee , law tanhaint takw mimithoet shisamyahasaw uhchcar ko yuu , aell gut tu pyimha htwatswarr s hpyint , hkar naran pyi taungpineshoet rout kyaeat .

Genesis 13
Genesis 13:1-9

Abram and Lot Part Ways

1 အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
 
aar byaan samee maungnhaan thoetsai laee , law tanhaint takw mimithoet shisamyahasaw uhchcar ko yuu , aell gut tu pyimha htwatswarr s hpyint , hkar naran pyi taungpineshoet rout kyaeat .
2 ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။
 
htoaahkar aar byaan sai , soe , nwarr hcasaithoetko ၎inn , shwayngway ko၎inn aalwan r taat eat .
3 တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊
 
tahpaantaungpinemha hkaree swarr , bay s l naalaatwin , bay s l myahoet , aar i myahoet hcautkyarr , aahtaatk tell ko sout ,
4 ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
 
yaj pallain ko tai hkaebhuusaw aarautshoet rout pyan shin , hto aarauttwin htarwarabhurarreat narmatawko p ht nar pyu eat .
5 အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
 
aar byaan nhaintaatuu litelarsaw law tasailaee soe , nwarrmyarrnhaint tell a myarrshi s hpyint ,
6 ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။
 
hto luu nhait uthoetsai aatuu nayhkyinn nghaar htomyay m san nine . uhchcar myarr lwann , suuthoetsai tarauttaee manaynine kya .
7 အာဗြံ၏ နွား ကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
 
aar byaaneat nwarr kyaunggsarr , law teat nwarrkyaunggsarr thoetsailaee hkiteraan pyu kyaeat . htoaahkar , hkar naran aamyoesarr , hpay r ji aamyoesarrthoetsai htopyi naykya sataee .
8 အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
 
aar byaan kalaee , ngarthoetsai nyeaaitko hkyinn hpyitlyet , ngarnhaint sain ၎inn , ngar nwarrkyaunggsarr thoet nhaint , saint nwarrkyaunggsarr thoet ၎inn , hkiteraan m shiparhcay nhaint .
9 မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့။ ငါနှင့် ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။
 
myay t pyin lonesai saint shaemharshisai mahote lot . ngarnhaint hkwar nay par lot . sainsai laatwellbhaatshoet swarr shin , ngarsai laat yaar bhaatshoet swarrmai . sainsai laat yaarbhaatshoet swarr shin , ngarsai laatwellbhaatshoet swarrmaihu soeat .

Lot Proceeds toward Sodom

10 ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊
 
hto karl aahkar , saw done myahoetnhaint gaw maw ramyahoetko htarwarabhurarr hpyetsee taw m muu mhae , jaw ramyahoetshoet swarrsaw lam , yaw daanmyit paatwaannkyin aarautraut ray myarr htarwarabhurarreat u yyaarin taw kaeshoet၎inn aell gut tupyi kaeshoet ၎inn hpyitsai ko , law t myaw kyi myinshin ,
11 ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ၏။
 
yaw daan hkyaine t shout loneko rwayhkyaal , aashaeshoet pyaunggswarr s hpyint , aahkyinnhkyinn t unhaint t u kwalpyarr kyaeat .
12 အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတ မူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ၏။
 
aar byaansai hkar naranpyi nay layeat . lawt muu karr , myit paatwaannkyin myahoet thoettwin nay , saw donemyahoet narrmhar tellko sout layeat .
13 သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
 
saw done myahoetsarrthoetsai soe sawsuu , htarwarabhurarr shae , aalwan aapyitmyarrsawsuu hpyitkya sataee .

God Renews the Promise to Abram

14 လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။
 
law tasai aar byaan nhaint hkwar swarrpyee mha , htarwarabhurarrsai aar byaan ko hkaw , sain shisaw aaraut k , taung , myawwat , aashae , aanoutshoet myaw kyi lot .
15 သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။
 
sain myinsaw myay t pyin lone ko , sain nhaintsaineat aamyoe a nwal aarr , ngarsai karl a hcain aamyaell payymai .
16 သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
 
saineat aamyoe a nwalko myay mhu antkaeshoet ngar myarrpyarr hcay mai . shoethpyit luu sai myay mhu antko raytwat nine shin , saineat aamyoe a nwalko raytwat ninekya lain mai .
17 သင်ထ၍မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အား ငါပေးမည်ဟု မိန့်တော်မူ၏။
 
sain ht myayko aalyarr aarr hpyint ၎inn , a nan aarr hpyint၎inn shout swarr lot . sainaarr ngarpayymaihu mein tawmuueat .
18 တဖန်အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ၏။
 
tahpaan aar byaansai tell ko pyaungg , hay byuan myahoet , man ray sapate tawshoet routmha nayrar kya htarwarabhurarr aabhhoet yaj pallainko tai layeat .

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။