PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.11.1
MYA1835

မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
 
myay kyee sarr aapaunggthoetsai bharsar tamyoe taee . hcakarr tamyoe taee shi kyasaihpyit ,
All the people of the earth are of one religion. They have the same speech.

Genesis 11
Genesis 11:1-9

The Tower of Babel

1 မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
 
myay kyee sarr aapaunggthoetsai bharsar tamyoe taee . hcakarr tamyoe taee shi kyasaihpyit ,
All the people of the earth are of one religion. They have the same speech.
2 အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။
 
aashae myetnharmha hkareeswarr s hpyint , shi narpyi myay nye raraaraut ko twae nayrar hkya kyaeat .
By traveling from the east, They found a flat place in the land of Shina, and settled there.
3 သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊
 
suuthoetkalaee lar kya . aotelote hkinemarhcwar hpote kya kone aan hu , tayoutko tayout pyaww kyaeat . htoshoet kyawwat aarar aote ko ၎inn , s rwat aarar ray nyhai tamyoe ko၎inn r pyeeshin ,
They also came. Let us make bricks and bake them firmly. They said to each other. And brick instead of stone, When he got a kind of moss as a substitute,
4 လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
 
lar kya , myay kyee t pyin lone aarautraut kwalpyarr maiko hcoerain , myahoetko ၎inn , mogh kaunggkain shoet mhaerasaw rell tite ko၎inn tai lote s hpyint , kyaw hcaw kit ti shi hcay hkyinn nghaar pyukya kone aanhu pyawwso kyaeat .
come Lest they be divided in all parts of the earth; and the city He built a tower that reached to the sky. They said, "Let's do it so that there will be more quarrels."
5 ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။
 
htoshoet luusarrthoet tailotesaw myahoetnhaint rell titeko kyi shu hkyinn nghaar , htarwarabhurarrsai sainnsaattaw muu eat .
To see the city and the castle built by mankind. The Lord came down.
6 ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
 
htarwarabhurarrk kyi shu lot . luu tamyoe taee , hcakarr tamyoetaee shisai hpyit , suuthoetsai iaamhuko a u pyu kyaeat . yahku kyaanhcai samyahathoetko a see a tarr mashi , suuthoet pyukya lain mai .
Look at the Lord. one people There is only one word. They took this matter first. Now there is no obstacle to all the plans, They will do it.
7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
 
lar kya , sainnsaat kya kone aan . suuthoetsai aahkyinnhkyinn narrmalai hcay hkyinn nghaar , suuthoethcakarrko shotehtway kya kone aanhu mein tawmuueat .
come Let us descend. that they may not understand one another; Let us confuse their words, he said.
8 ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။
 
htoshoethtarwarabhurarrsai suuthoetko myay kyee t pyin lone aarautraut kwalpyarr hcay taw muu s hpyint , suuthoetsai myahoetko m taipell nay kyaeat .
And the Lord scattered them all over the earth. They did not build a city.
9 သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။
 
shoethpyit htomyahoet htarwarabhurarrsai myay kyee sarr aapaunggthoeteat hcakarrko shotehtway , suuthoetko myay kyee t pyin lone aarautraut kwalpyarr hcay taw muu sawkyount hto myahoetsai bar bu lone myahoethuu twin sataee .
Therefore, in that city, the Lord confused the speech of all the people of the earth. Because he scattered them all over the earth, that city was called Babylon.

Genealogy from Shem to Abram

10 ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။
 
shaymeat sarr hcain myay saat huu muu karr , shay masai aasaat t rar shi , ray lwhammoesaw noutnhaitnhaitkyaar saw , sarr aar hpar jadko myin layeat .
These are the descendants of Shem. Shem was a hundred years old. Two years after the flood, He saw the son of Afzad.
11 အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။
 
aar hpar jad bhwarr myin saw nout , shay masai a nhait ngarrrar aasaatshin sarrsameemyarrko myin layeat .
After Afzad gave birth, And Shem lived five hundred years, and begat children.
12 အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။
 
aar hpar jadsai aasaat sonesaal ngarrnhait shisaw , sarr shar lako myin layeat .
Afzad was thirty-five years old. He saw his son.
13 ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
 
shar l bhwarr myin saw nout , aar hpar jadsai a nhait layy rarsone nhait aasaatshin , sarrsameemyarrko myin layeat .
After she gave birth, Afzad lived four hundred and three years; He saw his children.
14 ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။
 
shar lasai aasaat sonesaal shisaw , sarr hay barko myin layeat .
When Salah was thirty years old, He saw his son Heber.
15 ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
 
hay bar bhwarr myin saw nout , shar lasai a nhait layy rarsonenhait aasaatshin , sarrsameemyarrko myin layeat .
After Heber gave birth, Shelah lived four hundred and three years. He saw his children.
16 ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။
 
hay barsai aasaat sones ae layynhait shisaw , sarr hpar laatko myin layeat .
Heber was thirty-four years old. And he saw the hand of the flesh.
17 ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
 
hpar laat bhwarr myin saw nout , hay barsai a nhait layy rar sonesaal aasaatshin , sarrsameemyarrko myin layeat .
After Falak gave birth, And Heber lived four hundred and thirty years; He saw his children.
18 ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။
 
hparlaatsai aasaat sonesaal shisaw , sarr rar gawko myin layeat .
When Falech was thirty years old, He saw his son.
19 ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။
 
rar gaw bhwarr myin saw nout , hparlaatsai a nhaitnhait rar koe nhait aasaatshin , sarrsameemyarrko bhwarr myin layeat .
After the birth of Raghu, And Pelech lived two hundred and nine years; She gave birth to children.
20 ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။
 
rar gawsai aasaat sonesaal nhaitnhait shisaw , sarr hcay routko myin layeat .
Raghu was thirty-two years old. He saw his son.
21 စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
 
hcay rout bhwarr myin saw nout , rar gawsai a nhaitnhait rar hkunaitnhait aasaatshin , sarrsameemyarrko myin layeat .
After giving birth Raghu lived two hundred and seven years; He saw his children.
22 စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။
 
hcay routsai aasaat sonesaal shisaw , sarr nar ko hkawko myin layeat .
The servant was thirty years old. He saw his son called.
23 နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
 
nar hkaw bhwarr myin saw nout , hcayroutsai a nhaitnhaitrar aasaatshin sarrsameemyarrko myin layeat .
After giving birth, And he lived two hundred years, and saw children.
24 နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။
 
narhkawsai aasaat nhaitsaal koe nhait shisaw , sarr tay rako myin layeat .
Nao was twenty-nine years old. He saw his son.
25 တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
 
tay r bhwarr myin saw nout , narhkawsai a nhait t rar t saal koe nhait aasaatshin , sarrsameemyarrko myin layeat .
After Tera saw, He lived one hundred and nineteen years. He saw his children.
26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
 
tayrasai aasaat hkunait saal shisaw , sarr aar byaan , nar hkaw , hkar raan thoetko myin layeat .
Terah was seventy years old. son Abram name And he saw the Harans.

Terah’s Descendants

27 တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
 
tayreat sarr hcain myay saat huu muu karr , tayrasai aar byaan , nar hkaw , hkar raan thoetko myin layeat .
These are the descendants of Terah. Terah, Abram, name And he saw the Harans.
28 ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။
 
hkar raansailaee law t ko myin layeat . hkar raan sai , a bh tay r m say mhae , mimi bhwarr rar aaraut , hkar l dell pyisarr thoetnaysaw u ramyahoet say layeat .
And Haran saw Lot. Haran Before his father died, His place of birth And he died in Ur, a city of the Chaldeans.
29 အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
 
aar byaannhaint narhkawsai mayarrko yuu , aar byaaneat mayarr karr , hcar rell aamai shieat . nar hkaweat mayarr karr , hkar raan eat samee mi lahkar aamai shieat . hkar raansai mi l hkarnhaint i s hk eata bh hpyit sataee .
Abram and Nacho took wives. Abram's wife There is a name. But the wife of Nako, Haran's daughter was named Mila. Haran was the father of Milcah and Isaac.
30 စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။
 
hcar rell muukarr myuansaw meinmahpyit sarrsamee mashi .
But Sarai was a barren woman and had no children.
31 တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။
 
tayrasai sarr aar byaan ko ၎inn , hkar raaneatsarr hpyitsawmyay law t ko ၎inn , sarr aar byaan eat mayarrhpyit saw mimi hkyawaym hcar rell ko ၎inn hkaw , suuthoetsai hkar naran pyishoet swarrhkyinn nghaar , hkar l dell pyisarr thoetnaysaw u ramyahoetmha htwat s hpyint , hkar raanmyahoetshoet rout nay kyaeat .
And Terah to Abram his son. and the grandson of Lot, the son of Haran. He called Sarah his daughter-in-law, the wife of his son Abram. that they might go to the land of Canaan; And they went out from Ur, where the Chaldeans lived. They came to Haran and stayed.
32 တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။
 
tayrasai aasaat nhaitpaungg nhait rar ngarrnhait shisaw , hkar raanmyahoet say layeat .
When Terah was two hundred and five years old, He died in Haran.
Genesis 11:1 အတွက် သရုပ်ဖော်ပုံ

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။