PepLamb's Audio Bible
Loading God's Word...
ငါ့သိုးကလေးများကို ကျွေးမွေးလော့ | ယောဟန် 21:15-17
Gen.1.1
MYA1835

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
 
a hc a u bhurarrsahkainsai kaunggkainnhaint myaykyeeko hpaansainn tawmuueat .

Genesis 1
Genesis 1:1-31
Genesis 1:1-2

The Creation

Heaven and Earth
1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
 
a hc a u bhurarrsahkainsai kaunggkainnhaint myaykyeeko hpaansainn tawmuueat .
2 မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
 
myay kyeesai a sainn san daran mashi , lwatlautl har hpyiteat . naat nell raraarautko mhaawin mite hpone lwham bhurarrsahkaineat winyarin tawsai ray myetnharpyinpawmhar lhuutsharr tawmuueat .
The First Day—Light
3 ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
 
bhurarrsahkainkalaee lainn hpyithcayhu a mein tawshi aalainn hpyit layeat .
4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏။
 
hto aalainn kaunggsaiko bhurarrsahkain myin , aalainnnhaint mhaawin mite ko pine hkyarr hkwal htarr tawmuueat .
5 အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ် တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
 
aalainnko nae huusaw aamai hpyint ၎inn , mhaawin miteko ny in huusaw aamai hpyint ၎inn , hkawwaw s mote taw muu ny unhaint nannaatsai pahtam naeraat hpyit layeat .
The Second Day—Heaven
6 တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊
 
tahpaan bhurarrsahkaink ray aalaal mogh myetnhar kyaat hpyithcay , ray nhaint ray hkyinn hkyarrnarr hcayhu a mein taw shi s hpyint ,
7 မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ၏။
 
mogh myetnhar kyaatko bhurarrsahkain hpaansainn taw muu , mogh myetnhar kyaat aout shisaw ray nhaint , mogh myetnhar kyaat aapaw shisaw rayko pinehkyarr taw muu sai aatine hpyit layeat .
8 မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
 
mogh myetnhar kyaatkolaee mogh kaunggkain huusaw aamaihpyint bhurarrsahkainhkawwaw s motetaw muu , ny unhaint nannaatsai dutiy naeraat hpyit layeat .
The Third Day—Earth, Seas and Plants
9 တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။
 
tahpaan bhurarrsahkaink mogh kaunggkain aout shisaw ray hcuwayy hcay , kone paw hcayhu a meintaw shisaiaatine hpyit layeat .
10 ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
 
kone ko myayhuusaw aamai hpyint ၎inn , ray hcuwayyrarko painlaal huusaw aamai hpyint ၎inn , bhurarrsahkain hkawwaw s mote taw muu hto a mhu a rar kaunggsaiko bhurarrsahkain myin tawmuueat .
11 တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။
 
tahpaan bhurarrsahkain k , myaysai myaatpain ko ၎inn , hcaparr seeko hpyithcaysaw hcaparr pain ko ၎inn , myaypaw mhar myoehcae parlyet saitsee myoeko hpyithcaysaw saitpain ko ၎inn , pout hcayhu a mein tawshisai aatine hpyit layeat .
12 မြေသည်မြက်ပင်ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။
 
myay sai myaatpain ko၎inn hcaparr see myoeko hpyithcaysaw hcaparr pain ko ၎inn , mimi myoehcae parlyet saitseemyoe ko hpyithcaysaw saitpain ko၎inn pout hcay eat .
13 ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
 
hto a mhu a rar kaunggsaiko bhurarrsahkain myin taw muu , ny unhaint nannaatsai tatiyanaeraat hpyit layeat .
The Fourth Day—Sun, Moon, and Stars
14 တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။
 
tahpaan bhurarrsahkain k , nae nhaint ny inko pinehkyarr hcay hkyinn nghaar mogh kaunggkainmyetnhar kyaat aalainnaain tai hcay , nimate lakhkanar , hkyane hkyet saw aahkyane , naeraat aapineaahkyarr , nhait aapineaahkyarr bhhoet hpyithcay .
15 မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ၏။
 
moghkaunggkain myetnhar kyaat tai myay kyee lainnhcarar aalainnaain hpyithcayhu a mein tawshi saeet aatine hpyit layeat .
16 ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊
 
htoshoet bhurarrsahkainsai aalainnaainkyee nhaitlonetaeehuusaw nae ko aotehcoerasaw a kyee t lone , ny inko aotehcoerasaw a ngaal t lone nhainttakw kyaal myarrthoetko hpaansainn taw muu pyeeshin ,
17 မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။
 
myay kyee lainn hcay hkyinn nghar ၎inn , nae nhain ny inko aotehcoe aalainn nhaint mhaawin miteko pinehkyarr hcay hkyinnnghar ၎inn , moghkaunggkain myetnhar kyaat bhurarrsahkain htarr tawmuueat .
18 ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊
 
hto a mhu aarar kaunggsaiko bhurarr sahkain myin taw muu ,
19 ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။
 
ny unhaint nannaatsai hcatuthtanaeraat hpyit layeat .
The Fifth Day—Fish and Birds
20 တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
 
tahpaan bhurarrsahkaink aasaatshin lhuutsharrtaatsaw tirahcsaranthoetko ray saimyarr pyarrhcwar mwaybhwarr hcay . nghaatthoetlaee myaypaw mogh kaunggkainmyetnhar kyaat pyin waal pyaan hcayhu a mein taw shieat .
21 ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန် ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။
 
htoshoet shin raysai tirahcsaran aamyoeaalite myarrpyarrhcwar mway swarr , ngarr kyeeaahcashisaw aasaatshin lhuutsharrtaatsaw tirahcsaran aapaunggthoet ko ၎inn , pyaan taatsaw nghaat myoe aapaunggthoet ko၎inn bhurarrsahkainhpaan sainn , hto aamuuaarar kaunggsaiko myin tawmuueat .
22 ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့ လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊
 
bhurarrsahkainkalaee myarrpyarrhcwar mway bhwarr kyalot . painlaalraymyarrko pyi hcay kyalot . nghaatthoet laee myaypaw myarrpyarr hcay sataeehu hto tirahcsaranthoetko kaunggkyee payy taw muu ,
23 ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။
 
ny u nhaint nannaatsai puhcam naeraat hpyit layeat .
The Sixth Day—Land Animals and Mankind
24 တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
 
tahpaan bhurarrsahkain k , myaysai aasaatshin saw sattawar myoetaeehuusaw sarr yain thoetko ၎inn , twarrtaatsaw tirahcsaran thoetko ၎inn , sarr rell myoe thoetko ၎inn , mway bhwarr hcay hu a mein taw shisaiaatine hpyit layeat .
25 ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
 
htoshoet bhurarrsahkainsai sarr rell myoe , sarr yain myoe , myaypawmhar twarrtaatsaw tirahcsaranmyoe aapaungg thoetko hpaansainn , hto a mhu a rar kaunggsaiko myin tawmuueat .
26 တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
 
tahpaan bhurarrsahkaink ngarthoet ponesandaran nhaint aanye t sandaantaee luuko hpaansainn kyahchoet . suusai painlaal ngarr thoetko ၎inn , mogh kaunggkain nghaat thoetko ၎inn , sarr yain thoetko ၎inn , myay t pyin lone nhaint takw , myaypawmhar twarrtaatsaw tirahcsaran aapaunggthoet ko ၎inn , aotehcoe hcayhu a mein taw shieat .
27 ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊
 
htoshoetbhurarrsahkainsai mimi ponesandaan nhaint aanye luu ko hpaansainn tawmuueat . bhurarrsahkaineat ponesandaran taw nhaint aanye luu youtyarr , luu meinmako hpaansainn pyeeshin ,
28 အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
 
a hkyinnthoet myarrpyarr hcwar mway bhwarr kyalot . myaykyeeko pyi hcay nine kyalot . painlaal ngarr thoetko ၎inn , mogh kaunggkain nghaat thoetko ၎inn , aasaatshin myaypawmhar lhuutsharrtaatsaw tirahcsaran aapaunggthoet ko၎inn aotehcoe kyalot hu mein taw muu , suuthoetko kaunggkyee payy tawmuueat .
29 ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို၎င်း၊ သင်တို့ စားစရာဘို့ ငါပေး၏။
 
bhurarrsahkainkalaee kyi shu lot . myay t pyin lone hcaparr seeko hpyithcaysaw hcaparr pain aamyoemyoethoetko ၎inn , myoehcae kohpyithcaysaw a see nhaint pyi hconesaw saitpain aamyoemyoe thoetko ၎inn , sainthoet hcarrhcararbhhoet ngar payyeat .
30 မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။
 
myay sarr , mogh kaunggkain nghaat , aasaatshin myaypawmhar twarrtaatsaw tirahcsaran myoeaapaunggthoet hcarrhcarar bhhoet , myaatpain aamyoemyoethoetko ngarpayymaihu mein taw muu sai aatine hpyit layeat .
31 ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။
 
bhurarrsahkainsai mimi hpaansainn samyaha saw a rarthoetko kyi shu shin , aalwan kaunggsaiko myin taw muu , ny unhaint nannaatsai sahtam naeraat hpyit layeat .
Genesis 1:1 အတွက် သရုပ်ဖော်ပုံGenesis 1:1 အတွက် သရုပ်ဖော်ပုံ

ဆက်စပ်ရည်ညွှန်းချက်များ

ဤကျမ်းပိုဒ်အတွက် ဆက်စပ်ရည်ညွှန်းချက် မရှိပါ။